Austalia Awards Scholarships, 2022
သြစတေးလျအစိုးရပညာသင်ဆုတစ်ခုဖြစ်တဲ့ Australia Awards Scholarships ကို စတင်လျှောက်ထားနိုင်ပါပြီ။
ပညာသင်ဆုလျှောက်လွှာပိတ်ရက်မတိုင်ခင် တင်နိုင်ဖို့ အထူးသတိပြုစေချင်ပါတယ်။
AAS ကနှစ်စဉ်နှစ်တိုင်း Annually ပေးတဲ့ Full ပညာသင်ဆုဖြစ်ပြီး ဖေဖော်ဝါရီ ၁ရက်နေ့ကနေ ဧပရယ်လ ၃၀ ထိလျှောက်ထားနိုင်ပါတယ်။ မာစတာတန်းနဲ့ PhD တွက်ပေးပေမယ့် မြန်မာကျောင်းသားတွေတွက် Master တန်းဘဲလျှောက်ထားလို့ရပါတယ်။
Australia Awards Scholarsips လျှောက်ဖို့တွက် IELTS/TOEFL အမှတ်ရှိထားဖို့မလိုပါဘူး။
သို့ပေမယ့် သြစတေးလျတက္ကသိုလ်တွေရဲ့ဝင်ခွင့်တွက် အင်္ဂလိပ်ဘာသာစကားကျွမ်းကျွမ်းကျင်ကျင် (IELTS 6.0 ကနေ 6.5) ရှိဖို့လိုပါတယ်။
လျှောက်ထားသူသည် မြန်မာနိုင်ငံသားဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံတွင်နေထိုင်နေသူ ဖြစ်ရပါမည်။
လာမယ့် ဧပရယ်လ ၃၀ရက်နေ့တွင် အသက် ၂၅နှစ် ပြည့်ပြီးသူဖြစ်ရပါမည်။ (အသက် ၂၅ နှစ်နှင့် အထက် ရှိသူဖြစ်ရပါမည်။)
လုပ်သက် ၂ နှစ်ရှိထားရပါမည်။ (အလုပ်တွေ့ကြုံနှင့်ဆက်စပ်မှုရှိသောဘာသာရပ်ရွေးချယ်လျှောက်ထားသူများကိုဦးစားပေးပါမည်။)
အင်တာဗျူး ပါတဲ့သူတွေက IELTS မရှိထားရင် အဲတောတွင်းဖြေရပါမယ်။ (DEFT ကစာမေးပွဲကြေးထောက်ပေးပါမယ်)
စကော်လားရှစ်ရသွားတဲ့ခါ အင်္ဂလိပ်စာအားနည်းနေသေးတဲ့သူတွေတွက် အင်္ဂလိပ်ဘာသာစကားတွက် ၆ လ ထိ သင်တန်းပေးပါမယ်။
****မြန်မာကျောင်းသားတွေလျှောက်ထားလို့ရသောဘာသာရပ်များ****
• Education (education policy, quality assurance and statistics, student learning assessment, education economics, technical and vocational education and training (TVET), curriculum studies)
• Human resource development (public administration, human resource management, labour market economics, information management)
• Trade and private sector development (economics, financial analysis, international business, infrastructure, trade policy, public policy, tax, energy engineering, mining)
• Gender equality, Social inclusion and human rights (gender, disability, development, international human rights law, peace/conflict)
• Regional stability (international relations, diplomacy, transnational crime)
• Environment and natural resources (natural resource management, water resources, climate change, disaster risk management, environment, conservation)
• Public Health (epidemiology, public health, health security, health economics, disease control, bio security)
Application Deadline - 30 April, 2021
****လိုအပ်သောစာရွက်စာတမ်းများ****
- နိုင်ငံသားဖြစ်ကြောင်း အထောက်အထား (မွေးစာရင်း သို့ နိုင်ငံကူးလက်မှတ် )
- ဘွဲ့လက်မှတ် အထောက်အထား (Bachelor နှင့် Master ဘွဲ့များ)
- Academic transcripts အမှတ်စာရင်း - Refereee တွေရေးပေးရမယ့်ထောက်ခံစာနှစ်စောင် ( စည်းတံဆိပ်ဖြင့်ထုပေးနိုင်ဖို့ Referee တွေကို Request လုပ်ပါ။)
၁။ ပညာရေးထောက်ခံချက်
၂။ အလုပ်ထောက်ခံချက်
ပညာရေးတွက်ကိုယ့်ကိုထောက်ခံစာကောင်းကောင်းရေးပေးမယ့် ဆရာ/ဆရာမ မရှိလျှင်၊ အဆင်မပြေလျှင် အလုပ် ထောက်ခံစာ နှစ်စောင်တင်ပေးလို့ရပါတယ်။ ( Referee နှစ်ဦးထံကပါ)
Referee raports တွက် - https://www.dfat.gov.au/sites/default/files/referee.pdf
Referee report template word file ကို အောက်က လင့်မှာ ဝင်ဒေါင်းနိူင်ပါတယ်။
- ကိုယ်ရေးအကျဉ်း CV (ဘယ် CV format မဆိုသုံးလို့ရပါတယ်။)
Scholarship Link - https://www.dfat.gov.au/people-to-people/australia-awards/Pages/australia-awards-scholarships
****လျှောက်ထားနည်းအဆင့်ဆင့်လမ်းညွှန်****
၁။ စကော်လားရှစ်ဖောင်မဖြည့်ခင် စကော်လားရှစ်လင့်ထဲမှာဖော်ပြထားတဲ့ ဖောင်ဖြည့်နည်းလမ်းညွှန် pdf နဲ့ word file နှစ်ခုပါရှိပါတယ်။ ဖွင့်လို့အဆင်ပြေတဲ့ တစ်ခုကိုဒေါင်းပြီးသေချာဖတ်ပါ၊ ဖောင်ဖြည့်တဲ့ခါလည်း အခါခါ လမ်းညွှန်ထဲကတိုင်းတဆင့်ချင်းဖြည့်ပါ။ ဖောင်ဖြည့်နည်းလမ်းညွှန်လင့် - (https://www.dfat.gov.au/about-us/publications/Pages/oasis-applicant-user-guide)
၂။ ဖောင်စဖြည့်တော့မယ်ဆို ခု Online Australia Scholarships Information System လင့်ထဲ (OASIS - https://oasis.dfat.gov.au/) ကိုဝင်ပါ။
၃။ Logon/Register ကိုသွားပြီး Register New Account ကိုနှိပ်ပြီး အကောင့်တစ်ခုဖွင့်ထားရပါမယ်။ အကောင့်ဖွင့်တဲ့ခါ အီးမေလ်းလိပ်စာ၊ နာမည် (တစ်ခါတည်းဖောင်ဖြည့်တဲ့ခါထည့်မယ့်နာမည်တိုင်းဖြည့်ပါ Family Name နဲ့ Given Names သေချာဖြည့်ပါ)၊ မွေးသက္ကရာဇ်၊ ဖုန်းနံပါတ် စတာတွေကိုအမှန်တိုင်းဖြည့်ပါ။
မှတ်ချက်။ ။ ကိုယ်ပေးထားတဲ့အီးမေလ်းလိပ်စာက လက်ရှိသုံးနေတဲ့၊သုံးလို့ရသေးတဲ့ အီးမေလ်းဖြစ်ဖို့လိုပါတယ်။ အီးမေလ်းလိပ်စာမရှိသေးဘူးဆိုရင်လည်းခုခေတ်မှာအီးမေလ်းကအလွယ်တကူအသစ်ဖွင့်လို့ရပါတယ်။
၄။ ကိုယ်ပေးထားတဲ့အီးမေလ်းလိပ်စာနဲ့ Registration Confirmation လုပ်ဖို့တွက် ယာယီပတ်စဝေါ့ပါရှိတဲ့မေလ်းကို OASIS က ပို့လာပေးပါလိမ့်မယ်။ (ပို့လာတဲ့မေလ်းထဲကညွှန်ကြားတဲ့တိုင်း OASIS - https://oasis.dfat.gov.au/ လင့်ထဲထပ်သွားပြီး Logon/Register နှိပ်ပြီး ကိုယ့်မေလ်းလိပ်စာနဲ့ ယာယီပတ်စဝေါ့ နဲ့ ဝင်ရပါမယ်။ ( ပြီးရင်ပတ်စဝေါ့အသစ်ထပ်ပြောင်းရပါမယ်)
၅။ အကောင့်ဖွင့်ပြီး Registration Confirmation လုပ်ပြီးသွားရင် စကော်လားရှစ်ဖောင်ဝင်ဖြည့်လို့ရပါပြီ။ ဖောင်ကိုတစ်ခါတည်းအပြီးဖြည့်စရာမလိုဘဲ ဖြည့်ပြီးသလောက် Save လုပ်ထားလို့ရပါတယ်။
အွန်လိုင်းစနစ်ဖြင့်လျှောက်ထားရန် တိုက်တွန်းပါတယ်။
****AAS ပညာသင်ဆုအကြောင်းအသေးစိတ်ဖတ်ရန်****
Australia Awards Scholarships Policy Handbook -
Myanmar Australia Awards intake information - https://dfat.gov.au/about-us/publications/Documents/australia-awards-myanmar-information-for-intake.pdf
![](https://static.wixstatic.com/media/7fe629_3548fdd6ec40449dbf951ff9c7da042c~mv2.jpg/v1/fill/w_800,h_450,al_c,q_80,enc_auto/7fe629_3548fdd6ec40449dbf951ff9c7da042c~mv2.jpg)
I only got A.G.T.I (EC) and can i apply?
Now, I am facing the Problem about CRICOS Code. I did not find it out on anywhere. If you know about it, pls give me a guideline to go forward.
Zin Laynwe If i share my experience, it depends on the types of scholarship. Some scholarships recommend the candidates to apply the university admission acceptance at first before applying their scholarships whereas no other direct-university scholarships need to do that process. It would be better reading the terms and conditions described by the scholarship team you want to join before you do the university admission process.
ကျောင်းကလက်ခံ စာရပြီးမှ scholar စလျောက်လို့ ရတာလားရှင့်
Undergraduate Scholarship တွေခေါ်လား education ဘာသာရပ်တွေ အသက် ၁၈ နှစ်အရွယ် တွေ