top of page

Chevening Scholarship

Updated: Sep 16, 2020

2021-2022 ပညာသင်နှစ်တွက် ဗြိတိန်နိုင်ငံ ရှိ Chevening Scholarship ကို စတင်လျှောက်ထားနိူင်ပါပြီ။


Covid-19 ကြောင့် ပညာသင်ဆုလျှောက်ထားနိူင်ချိန်က (စက်တင်ဘာလ ၃ရက်နေ့မှ နိုဝင်ဘာလ ၃ရက်ထိ) ခါတိုင်းနှစ်ထက် ပိုပြီးရက်နည်းလို့ ကြိုပြင်ဆင်ထားနိူင်အောင် စောတင်ထားပေးပါတယ်။


Chevening Scholarship ရှီးဗနင်းပညာသင်ဆုအကြောင်းအသေးစိတ်ကိုလည်းတင်ထားပေးပါတယ်။

Who can apply ထဲမှာလည်း လိုအပ်တာတွေ ကြိုတင်ပြင်ဆင်ထားနိူင်အောင် ဝင်ဖတ်နိူင်ပါတယ်။


မာစတာတွက်ပါ။ ဗြိတိန်နိုင်ငံရှိ ဘယ်တက္ကသိုလ်မှာမဆို မိမိတင်ရောက်လိုသောဘာသာရပ်ကိုလေ့လာ လျှောက်ထားနိုင်ပါတယ်။ 


လိုအပ်တဲ့အချက်အလက်၊ လျှောက်ပုံလျှောက်နည်းတွေကို စကော်လားရှစ်မူရင်းလင့်မှာ ဝင်ကြည့်လို့ရပါတယ်။ 



****လျှောက်ထားပုံ****


ခုလင့် http://www.chevening.org/apply ထဲဝင်ပြီး ကိုယ့်နိုင်ငံကိုရွေး၊ Search ဆိုတာကိုနှိပ်၊ ပြီးရင် Apply for scholarship ကိုဆက်သွားပြီးရင်တော့

ကိုယ်ရေးအချက်တွေသေချာဖြည့်ပြီး Register လုပ်ထားရပါမယ်။ ကိုယ်ဖြည့်ထားတဲ့အီးမေလ်းလိပ်စာမှာ အွန်လိုင်းအကောင့် ပို့လာပေးမှာပါ။ အွန်လိုင်းအကောင့်ကနေ application process အဆင်ဆင့်ကို ဖြည့်ပြီး လျှောက်ရပါမယ်။


ဘာသာရပ်ရှာဖွေရန်


ကိုယ်လျှောက်ချင်တဲ့ ဘာသာရပ် ကိုရှာပြီးရင် သက်ဆိုင်ရာတက္ကသိုလ်မှာဝင်ခွင့်လျှောက်ထားရပါမယ်။ ဘာသာရပ်လျှောက်ထားတဲ့အခါ ဦးစားပေးသုံးခုလျှောက်ထားနိုင်ပါတယ်။ ကျောင်းတစ်ကျောင်းထဲက

ဘာသာရပ်ကွဲသုံးခုလျှောက်ထားနိုင်သလို ဘာသာရပ်တစ်ခုကိုဘဲ ကျောင်းသုံးကျောင်းမှာလျှောက်ထားနိုင်ပါတယ်။ ဒုတိယအချက် (ဘာသာရပ်တစ်ခုကိုဘဲ ကျောင်းသုံးကျောင်းမှာလျှောက်ထားနိုင်ပါတယ်။) ကို

ပညာသင်ဆုအဖွဲ့ကထောက်ခံချက်ပေးထားပါတယ်။


Chevening ပညာသင်ဆုရဖို့ ကိုယ်လျှောက်ထားတဲ့ဘာသာရပ်တွက်ကျောင်းလက်ခံစာကို ၂၀၂၁ ဇူလိုင် ၁၆ရက်နေ့ မလွန်ခင် ရထားဖို့လိုပါတယ်။


Application deadline - 3 November 2020





Kommentarer


©2019-2020 by International Scholarships for Myanmar Students.

bottom of page