top of page

Chevening Scholarship အကြောင်း

Writer's picture: Hsu Mon Phoo PhooHsu Mon Phoo Phoo

Chevening Scholarship အကြောင်းအသေးစိတ်ပါ။


Prestigious Chevening Scholarship (အစဉ်အလာကြီးမားပြီးဂုဏ်သိက္ခာရှိသောရှီးဗနင်းပညာသင်ဆု) 


ကျွန်မ Chevening Scholarship အကြောင်းကြားဖူးခဲ့တာ (၆)နှစ်လောက် ရှိပါပြီ။ မဟာတန်းဖြစ်တာရော လုပ်သက်အတွေ့အကြုံတွေလိုအပ်တာရောကြောင့် လျှောက်ဖို့ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးပါဘူး။ အဲဒီတုန်းကတော့ ပညာသင်ဆုရတဲ့သူအရေအတွက်နည်းတယ်လို့ ကြားဖူးပါတယ်။ အမှန်တော့ 2017-2018 အတွက် ပညာသင်ဆုလျှောက်လွှာတွေ ခေါ်တဲ့အထိ ကျွန်မလျှောက်ဖို့ စိတ်မကူးခဲ့ပါဘူး။ မိဘတွေက လျှောက်ဖို့တိုက်တွန်းလို့ လျှောက်ဖြစ်ခဲ့တာပါ။ တကယ်လျှောက်ဖြစ်တော့လည်း ယုံကြည်ချက်အပြည့်ရှိပေမယ့် အရမ်းကြီးတော့မမျှော်လင့်ခဲ့မိပါဘူး။ 


ပညာသင်ဆုရတဲ့အတွက် အလွန်ဝမ်းသာရပါတယ်။ British Embassy Rangoon နဲ့ Foreign and Commonwealth Office ကိုလည်း ကျေးဇူးတင်ပါတယ်


ရှီးဗနင်းပညာသင်ဆုကို နှစ်စဉ်နှစ်တိုင်း 7th August မှ 7th November အတွင်း လျှောက်ထားနိုင်ကြပါတယ်။


Eligibility Criteria (ပညာသင်ဆုလျှောက်ရန်လိုအပ်ချက်များ) 


🔹အင်္ဂလန်နိုင်ငံရှိတက္ကသိုလ်တစ်ခုခုမှာ မဟာတန်းတက်ရောက်ဖို့အတွက် ဘွဲ့ရရှိထားပြီးဖြစ်ရပါမယ်။

🔹အနည်းဆုံးလုပ်သက်(၂)နှစ်ရှိရပါမယ်။

တနည်းအားဖြင့် နာရီပေါင်း (၂၈၀၀) နဲ့ ညီမျှတဲ့ လုပ်ငန်းအတွေ့အကြုံရှိရပါမယ်။

တွက်ချက်ပုံအသေးစိတ်ကို www.chevening.org/apply/work-experience မှာ လေ့လာနိုင်ပါတယ်။

🔹သတ်မှတ်ထားသော အင်္ဂလိပ်စာအရည်အချင်းကို ပြည့်မှီရပါမယ်။ ပညာသင်ဆုလျှောက်လျှောက်ချင်းမှာ IELTS အမှတ်မရှိလည်း စိတ်မပူပါနဲ့။ လျှောက်လို့ရပါတယ်။

နောက်ပိုင်းတက္ကသိုလ်လျှောက်ရင် IELTS အမှတ်လိုပါတယ်။

2018-2019 ပညာသင်ဆုအတွက် 12th July, 2018 နောက်ဆုံးထားပြီး IELTS အမှတ်ကို တင်ပြရမှာဖြစ်ပါတယ်။

အသေးစိတ်ကို www.chevening.org/apply/english-language-requirement မှာ လေ့လာနိုင်ပါတယ်။

🔹အင်္ဂလန်နိုင်ငံရှိ ကြိုက်နှစ်သက်ရာ တက္ကသိုလ်(၃)ခုမှာ ကြိုက်နှစ်သက်ရာဘာသာရပ်ကို လျှောက်ထားနိုင်ပါတယ်။

တက္ကသိုလ်တစ်ခုခုမှ ခြွင်းချက်မရှိကမ်းလှမ်းချက် (unconditional offer) ကို 12th July နောက်ဆုံးထားပြီး တင်ပြရမှာဖြစ်ပါတယ်။

🔹ပညာသင်ကြားမှုပြီးဆုံးပါက မိမိနိုင်ငံသို့ အနည်းဆုံး(၂)နှစ်ပြန်နေရပါမယ်။

🔹ပညာသင်ဆုလျှောက်ရာမှာ အရေးကြီးတဲ့နောက်တစ်ခုကတော့ ထောက်ခံချက် (References) ဖြစ်ပါတယ်။ အင်္ဂလိပ်လိုရေးသားထားသော ထောက်ခံချက် (၂)စောင်လိုအပ်ပါတယ်။

အင်တာဗျူးဖြေဖို့ရွေးချယ်ခံရတဲ့အခါမှာ 26th February နောက်ဆုံးထားပြီး တင်ပြရမှာဖြစ်ပါတယ်။

အသေးစိတ်ကို http://www.chevening.org/apply/references မှာ လေ့လာနိုင်ပါတယ်။

🔷အသေးစိတ်လေ့လာလိုပါက http://www.chevening.org/apply/eligibility-criteria မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Online Application System 

Online Application ဖြစ်တဲ့အတွက် အချိန်မရွေး user name and password ဖြင့် ဖြည့်နိုင်ပါတယ်။

ဖြည့်ရမည့်ကဏ္ဍတိုင်းကို ရင်းနှီးအောင် လေ့လာထားသင့်ပါတယ်။

လိုအပ်တဲ့အချက်တွေကို ပြန်ရှာဖွေဖြည့်နိုင်ပါတယ်။

ကဏ္ဍတစ်ခုကိုဖြည့်ပြီးတိုင်း save လုပ်ထားရပါတယ်။

လျှောက်လွှာကို တစ်ကြိမ်သာ တင်လို့ရတဲ့အတွက် အချက်အလက်များကို သေချာစေ့စပ်စွာစစ်ဆေးပြီးမှ Submit လုပ်သင့်ပါတယ်။


Essays 

Application ရဲ့ အရေးကြီးဆုံးအပိုင်းကတော့ အက်ဆေးရေးသားခြင်းဖြစ်ပါတယ်။

ခေါင်းစဉ်(၄)ခုနဲ့ ပတ်သက်ပြီး မေးထားတဲ့မေးခွန်းများကို ဖြေရမှာဖြစ်ပါတယ်။

တစ်ပုဒ်ကို အများဆုံးစာလုံးရေ (၅၀၀) အထိ ရေးရမှာဖြစ်ပါတယ်။

ခေါင်းစဉ်တွေကတော့ Leadership and influence, Networking, Studying in the UK နဲ့ Career plan တို့ ဖြစ်ပါတယ်။


Degree certificates and transcripts

ပညာရေးဆိုင်ရာအထောက်အထားအတွက် ဘွဲ့လက်မှတ်နှင့်တက္ကသိုလ်အမှတ်စာရင်းများ ရှိထားဖို့လိုပါတယ်။

တက္ကသိုလ်အမှတ်စာရင်းများ မရှိသေးရင် မြန်မြန်သွားတင်ထားသင့်ပါတယ်။

ရုံးလုပ်ငန်းတွေက ကြာတတ်လို့ပါ။

ဘွဲ့လက်မှတ်နဲ့အမှတ်စာရင်းတွေက အင်္ဂလိပ်လိုရေးထားတာမဟုတ်ရင် public notary လုပ်ရပါမယ်။


UK universities

ပညာသင်ဆုလျှောက်ထားခြင်းနှင့်အတူ တက္ကသိုလ်လျှောက်ထားခြင်းကို လုပ်ဆောင်ရပါမယ်။

တက္ကသိုလ်ရွေးချယ်ရာမှာ မိမိကြိုက်နှစ်သက်ရာဘာသာရပ်အပေါ် အခြေခံပြီး လျှောက်ထားကြပါတယ်။ တက္ကသိုလ်ကို ရွေးချယ်ရာမှာ University ranking နဲ့ Subject ranking ကို ကြည့်ပြီး ရွေးချယ်လျှောက်ထားနိုင်ပါတယ်။

တစ်ချို့ တက္ကသိုလ်တွေက University ranking မမြင့်ပေမယ့် Subject ranking မြင့်တာတွေရှိပါတယ်။ ပညာသင်ဆုလျှောက်ပြီးတာနဲ့ တက္ကသိုလ်စလျှောက်သင့်ပါတယ်။

တစ်ချို့ တက္ကသိုလ်တွေက လျှောက်လွှာပိတ်ရက် စောပါတယ်။

တက္ကသိုလ်လျှောက်ရာမှာလည်း Essay ရေးတာ Reference letter နဲ့ IELTS အမှတ်လည်း အရေးပါပါတယ်။


🔸Scholarship process နဲ့ University application process တွေကတော့ ပြိုင်တူ (parallel) လုပ်ဆောင်ရတဲ့အတွက် အချိန်မှီဖြစ်ဖို့အတွက် စိတ်ပူပန်ရတာတွေ စိတ်ပင်ပန်းရတာတွေတော့ ရှိပါတယ်။ နောက်အဆင့်တွေကတော့ အင်တာဗျူးဖြေခြင်း၊ အင်္ဂလိပ်စာအရည်အချင်းစစ်စာမေးပွဲဖြေခြင်း၊ ဗီဇာလျှောက်ဖို့ ကျန်းမာရေးစစ်ဆေးခြင်း၊ ဗီဇာလျှောက်ထားခြင်းတို့ဖြစ်ပါတယ်။

ပညာသင်ဆုရော တက္ကသိုလ်ဝင်ခွင့်ပါ ရပြီးပြီဆိုရင် နေထိုင်ဖို့အခန်းရှာရတဲ့ကိစ္စလည်း ရှိပါသေးတယ်။

စလျှောက်တဲ့အချိန်ကနေ ကျောင်းသွားတက်မယ့်အချိန်အထိ process က တစ်နှစ်ကြာပါတယ်။ အဆင့်ဆင့်တိုင်းမှာ အခက်အခဲအနည်းနဲ့အများကြုံတွေ့ရတဲ့အတွက် အကောင်းဆုံးပြင်ဆင်မှုနဲ့ ရလဒ်ကိုစိတ်ရှည်စွာ စောင့်ဆိုင်းနိုင်မှသာ အောင်မြင်မှုကို ရရှိနိုင်မှာဖြစ်ပါတယ်။


☘️ဒီနှစ်အတွက် ရှီးဗနင်းပညာသင်ဆုလျှောက်ဖို့ စဉ်းစားနေကြတဲ့သူများကို အမြန်ဆုံးလျှောက်ဖို့ အားပေးလိုပါတယ်။ လိုအပ်တဲ့အကူအညီများကို တတ်နိုင်သမျှကူညီပေးပါမယ်။


***************************************


အခုဆိုရင်တော့ဖြင့် အစဉ်အလာကြီးမားပြီး ဂုဏ်သိက္ခာမြင့်မားတဲ့၊ UK အစိုးရမှ ချီးမြှင့်မယ့် Chevening Scholarship Award for 2018-2019 year အတွက် ဘွဲ့လွန်တန်း တစ်နှစ်ပညာသင်ဆု လျှောက်လွှာလည်း စတင်ခေါ်ယူနေပြန်ပါပြီ။

ကျမတုန်းက အတွေ့အကြုံတွေပေါ်အခြေခံပြီးု ဒီနှစ်မှာ စတင်လျှောက်ထားမယ့်သူတွေအတွက် အကြံကောင်းဉာဏ်ကောင်းလေးတွေ မျှဝေပေးပါ့မယ်။  


လျှောက်ထားရာမှာ Chevening ကတောင်းဆိုထားတဲ့ လိုအပ်ချက်တွေလည်း ရှိပါတယ်။

ကိုက်ညီမှု ရှိမရှိ Chevening Website မှာလည်း သွားရောက် လေ့လာနိုင်ပါတယ်။

Google မှာလည်း Eligibility Criteria for Chevening Scholarship Award လို့ ရိုက်ထည့်ပြီး ရှာကြည့်လို့ ရပါတယ်။

လိုအပ်ချက်အပိုင်းကိုတော့ ကိုက်ညီမှု ရှိမရှိ ဒီမှာကြည့်ရှုနိုင်ပါတယ် http://www.chevening.org/apply/eligibility-criteria

ကိုယ့်ဘာသာအလွယ်တကူ ကြည့်ရှုစစ်ဆေးလို့ရနိုင်တဲ့အတွက် ဇောင်းပေးမပြောတော့ဘဲ လျှောက်ထားရာမှာ အရေးကြီးဆုံးအပိုင်းတွေကို နည်းနည်းလေး ထပ်လောင်းအကြံပေးပါ့မယ်ရှင်။


ဒီပညာသင်ဆုမှာ ပထမအဆင့်ကတော့ လေျှာက်လွှာတင်တာပါပဲ။

နောက်တစ်ဆင့်က Interview ဖြေတာပါ။ ဒီနှစ်ဆင့်ကြားထဲမှာ သူက ဇကာတင်အဆင့်ဆင့်ရွေးချယ်ပြီး (ဖြုတ်ချတာတို့၊ နောက်တစ်ဆင့်တက်ဖို့အတွက် မိမိကို ဆက်ရွေးထားလိုက်တာတို့ ပါဝင်ပါတယ်)။


အဲဒီတော့.. ပထမဆုံးအဆင့်လေျှာက်လွှာတင်တဲ့နေရာမှာ အရေးကြီးဆုံးအချက်ကတော့ လိုအပ်တဲ့ မိမိအချက်အလက်တွေဖြည့်တာနဲ့ Essays ၄ပုဒ်ရေးပေးရတာပဲ။

ဘာလို့ အရေးကြီးဆုံးလဲလို့ ပြောရရင် ရွေးချယ်တဲ့သူတွေဟာ ကိုယ့်ကို လူချင်းမတွေ့ခင်မှာ ကိုယ့်အချက်လက်တွေရယ် ကိုယ့်အက်ဆေးတွေရယ်နဲ့ အရင်ဆုံးထိတွေ့ရမှာပါ။


အချက်အလက်ဖြည့်တဲ့အပိုင်းမှာ အကြံပေးချင်တာကတော့ မိမိအချက်အလက်တွေကို အမှန်ကန်ဆုံးဖြည့်ပေးဖို့ လိုအပ်ပါတယ်။

အလုပ်အတွေ့အကြုံလည်း အချိန်ပြည့်လုပ်မယ်ဆိုရင် ရမယ့်အချိန်နဲ့တွက်ပြီး စုစုပေါင်း (၂နှစ်) အနည်းဆုံး ရှိရ၊ဖြည့်ပေးရပါမယ် (Internship တို့ Volunteer Works တို့ Part-time Jobs တို့ဆိုလည်း ထည့်ပေးလို့ရပါတယ်)။

အဓိကကတော့ အလုပ်ချိန်စုစုပေါင်းဟာ အနည်းဆုံး ၂နှစ်ရှိနေဖို့ လိုကိုလိုအပ်ပါတယ်။

အဲဒီမှာ ကိုယ့်မှာရှိတဲ့အလုပ်ချိန်တွေ/ဖြည့်စရာအလုပ်အမည်တွေဟာ အရမ်းများနေတယ်ဆိုရင်တော့ ကိုယ်သွားတက်မယ့် ဘာသာရပ်နဲ့ ဆက်စပ်မှုရှိတဲ့အလုပ်တွေ /အချိန်အများကြီးရှိတဲ့အလုပ်တွေကို ပိုဇောင်းပေး ရွေးချယ်ထည့်ပေးသင့်ပါတယ် (ဘာလို့ဆို သူ့ကို table ဇယားနဲ့ ၁၀ခုစာလောက်ထိ ဖြည့်ခွင့်ရှိလို့ပါပဲ)။ အလုပ်ချိန် ၂နှစ်တွက်ချက်ပုံကို ဒီမှာလေ့လာကြည့်ပါ။


နောက်တစ်ပိုင်းဖြစ်တဲ့ Essays၄ပုဒ်ရေးတဲ့အပိုင်းဟာလည်း အလွန်တရာမှ အရေးကြီးပါတယ်။

ဘာလို့ဆို ရွေးချယ်တဲ့သူတွေဟာ လူကိုမမြင်ခင် မိမိအက်ဆေးကို အရင်မြင်မှာမို့လို့ပါ။

Essay မေးခွန်း တစ်ပုဒ်စီဆို စာလုံးရေ (၅၀၀)စီ ရေးပေးရပါတယ်။ ခေါင်းစဉ်တွေကတော့ Leadership Skills, Networking Skills, Studying in the UK နဲ့ Career plans တို့နဲ့ပတ်သက်တာတွေပဲ ဖြစ်ပါတယ်။ 

အကြံပေးချင်တာက အက်ဆေးတစ်ပုဒ်စီတိုင်းအတွက် အဖြေတွေကို ခေါင်းအေးအေးနဲ့ အချိန်ယူစဉ်းစားပြီး ဖြည့်ပါ။အရမ်းမလောပါနဲ့။

မေးခွန်းက ၄ပုဒ်ထဲ ဖြေရတာပါ။

အဲဒီတော့ ဒီမေးခွန်းနဲ့ ဒီအဖြေသီးသန့်ကိုက်ညီမှုရှိနေပါစေရှင်။ အက်ဆေးမေးခွန်းတွေအားလုံးအတွက် ဒီတိုင်းပဲ ရောထွေးပြီး လုံးပြီးတော့ဖြေဆိုတာမျိုး၊ General အဖြေပဲပေးတာမျိုး၊ General ဥပမာပဲပေးတာမျိုး မလုပ်ပါနဲ့။

ကိုယ်ပြောချင်တဲ့ပန်းတိုင်ကို ရောက်အောင် ရှင်းလင်းစွာ သူပေးထားတဲ့ စာလုံးရေအတွင်းမှာ ဝင်အောင်ပြောပါ။

မေးခွန်းတစ်ခုစီတိုင်းအတွက် အဖြေဟာ သီးသန့်ဖြစ်နေပါစေ။ တိကျထိမိပြတ်သားတဲ့ ဥပမာများကိုလည်း ပေးပါ (ဥပမာ… အရေးကြီးတဲ့ ရက် လ နှစ် အချိန် အဖြစ်အပျက် အသေးစိတ် ရှင်းလင်းစွာ ဖြေပါ)။ 


နောက်ထပ်အကြံဉာဏ်က အက်ဆေးတွေအတွက် သဒ္ဒါနဲ့ စာလုံးပေါင်း အရမ်းအရေးကြီးပါတယ်။

ဘာလို့ဆို ပထမအဆင့် ဇကာတင်ရွေးချယ်မှာက UK က Chevening အဖွဲ့က အဆင့်ဆင့် စိစစ်ရွေးချယ် ဖတ်ပြီးတော့မှသာ မြန်မာနိုင်ငံဘက်ကို ဖတ်ဖို့ပို့တာပါ။

အဲတော့ ပထမအဆင့်မှာတင် ကိုယ်မပြုတ်ဖို့က ထိမိတဲ့အရေးအသားရယ် မှန်ကန်ပြေပြစ်တဲ့ သဒ္ဒါနဲ့စာလုံးပေါင်းရယ် ရှိဖို့ပါ။

အကောင်းဆုံး အကြံပေးချင်တာတစ်ခုကတော့ ကိုယ်နဲ့ရင်းနှီးတဲ့ English Native Speaker အနည်းဆုံး တစ်ယောက်လောက်ကို ကိုယ်ရေးထားတဲ့အက်ဆေးအဖြေကို proof-read ဖတ်ခိုင်းပြီးအကြံဉာဏ်ရယူပါ။ ဒါမှသာ ကိုယ့်အဖြေ အရေးအသားတွေဟာ သူတို့ Native Speaker တစ်ယောက်အတွက် ဖတ်ရာမှ ဘယ်လောက်အထိပြေပြစ်မှုရှိသလဲ ကိုယ်ပေးလိုက်တဲ့ဥပမာတွေဟာလည်း ဘယ်လောက်ထိနားလည်မှုရှိသလဲ စသည်ဖြင့် သိနိုင်မှာပါ။

ရှုပ်ထွေးပွေလီပြီး သဒ္ဒါပိုင်းမှာ အမှားများနေတဲ့အရေးအသားတွေ၊နောက် ဆိုလိုရင်းကို ကောင်းမွန်စွာမပြောနိုင်တဲ့အရေးအသားတွေဟာ သူတို့ကို Impressed မဖြစ်စေနိုင်ပါဘူး။

မနှစ်တုန်းက ကမ္ဘာအနှံ့ကလေျှာက်ထားသူ ၄၆,၀၀၀ ကျော်ရှိရာမှ ၁၈၀၀ခန့် (မြန်မာပြည်က ၁၅ယောက်)ပဲ ရွေးချယ်တာမို့ မိမိ application ဟာ stand out ဖြစ်ပြီး ထူးခြားနေဖို့လိုပါတယ်။

မိမိဘက်က တတ်နိုင်သလောက် ၁၀၀% ပြည့်စုံအောင်ပြင်ဆင်ထားမှ တော်ရာကျမှာ မို့လို့ပါ။ 


Wishing the best of luck to all the applicants from Myanmar !


Via Chevening Scholarship Alumni Myint Myat Thu and Mya Thida



3,995 views1 comment

Recent Posts

See All

Swedish Institute Scholarships for Global Professionals

SISGP ပညာသင်ဆုအကြောင်း ဆွီဒင်နိုင်ငံရှိ Swedish Institute ကပေးတဲ့ SISGP ပညာသင်ဆုဟာ နှစ်စဉ်နှစ်တိုင်းပေးတဲ့ပညာသင်ဆုဖြစ်ပါတယ်။...

1 Σχόλιο


Si Thu
Si Thu
07 Ιουλ 2020

Hello, I have never tried for a scholarship but I want to try this Chevening Scholarship so I have followed this instruction to search University and subject first but one problem is I have not found my subject because I want to study the Development field and Master Degree. Anyone, could you please suggest me which university is relative to my subject.

Μου αρέσει

©2019-2020 by International Scholarships for Myanmar Students.

bottom of page