top of page

Eiffel Excellence Scholarship Program

Writer's picture: Hsu Mon Phoo PhooHsu Mon Phoo Phoo

Updated: Oct 12, 2020

Eiffel Excellence Scholarship Program, 2021

The Eiffel Excellence Scholarship Program was established by the French Ministry for Europe and Foreign Affairs to enable French higher education institutions to attract top foreign students to enroll in their masters and PhD programs.

It gives opportunity to the future foreign decision-makers of the private and public sectors, in priority areas of study, and encourages applicants up to 25 years old from developing countries at master’s level, and applicants up to 30 years old from developing and industrialized countries at PhD level.


ပြင်သစ်အစိုးရပညာသင်ဆု Eiffel Scholarship ကိုစတင်လျှောက်ထားနိူင်ပါပြီ။

မာစတာ နဲ့ PhD တွက်ပါ။ 

PhD တွက် လျှောက်ထားရာတွင် မိမိတက်ခဲ့သည့် ကျောင်းနှင့် ပြင်သစ်မှာ ကျောင်းလျှောက်ထားမည့်ကျောင်း အချင်းချင်း သဘောတူညီချက်ယူထားပြီး MO ထိုးထားမှ လျှောက်ထားနိူင်ပါမည်။


The Eiffel Excellence Scholarship Program is awarded to two types of studies:

  • Masters level, for a duration between 12 and 36 months;

  • Doctorate or PhD level, for research periods in France of up to 12 months, as part of a cotutelle or joint doctoral thesis supervision (preferably in 2nd year of PhD)

****လိုအပ်သောအရည်ချင်းများ****


  • လျှောက်ထားသူသည် ပြင်သစ်နိူင်ငံသားခံယူထားသူမဖြစ်ရပါဘူး။

  • ပြင်သစ်နိူင်ငံအတွင်းရှိ တက္ကသိုလ်များကိုသာ လျှောက်ထားလို့ရပါမည်၊ ဒါ့အပြင် မိမိလျှောက်ထားသည့် တက္ကသိုလ်သည် ပြင်သစ်အစိုးရမှ အသိမှတ်ပြုထားသော တက္ကသိုလ်ဖြစ်ရပါမည်။

  • Eiffel Scholarship ပညာသင်ဆုတွက် မိမိကိုယ်တိုင် တိုက်ရိုက်လျှောက်ထားခွင့်မရှိပါဘူး၊ မိမိကျောင်းဝင်ခွင့်လျှောက်ထားသည့် ဆိုင်ရာကျောင်းမှ တစ်ဆင့်လျှောက်ထားပေးရမှာဖြစ်ပါတယ်။

  • နိူင်ငံခြားမှလျှောက်ထားသောကျောင်းသားများကို လက်ရှိပြင်သစ်မှာနေထိုင်တဲ့ကျောင်းသားများထက် ဦးစားပေးရွေးချယ်မှာဖြစ်ပါတယ်။

  • Eiffel Scholarship ကို တစ်ခါသာ လျှောက်ထားခွင့်ရှိပါတယ်။ (တစ်ခါလျှောက်ထားပြီး ငြင်းပယ်ခံရရင် ထပ်လျှောက်လို့မရတော့မှာဖြစ်လို့ မိမိက စိတ်အားထက်သန်ပြီး သေချာပြင်ဆင်ပြီး လျှောက်ထားသင့်ပါတယ်။)

  • ဘာသာစကားတွက် ပုံမှန်အားဖြင့် ပြင်သစ်မှာ မာစတာတန်းတွက် DELF B1 ရှိထားဖို့လိုပါတယ်။ (ပိုသေချာအောင် မိမိလျှောက်ထားမည့်ကျောင်းမှ သတ်မှတ်ထားသောလိုအပ်ချက်ကိုသေချာဝင်ဖတ်စေချင်ပါတယ်။)

****လျှောက်ထားလို့ရသော မေဂျာများ ****

- Economics and Management


- Engineering (Master level)/Sciences in a broader sense (PhD level)


- Law


- Political Sciences


****ပညာသင်ဆုထောက်ပံ့ကြေး****


မာစတာတန်းတွက် တစ်လကို ယူရို ၁၁၈၁ ထောက်ပံ့မှာဖြစ်ပြီး PhD တွက် တစ်လကို ယူရို ၁၇၀၀ ပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် Transport နှင့် Social Security တွက်ပါထောက်ပံ့ပေးမှာဖြစ်ပါတယ်။


****လျှောက်ထားရန်****


  • အရင်ဆုံး မိမိပါသာ ကျောင်းဝင်ခွင့်လျှောက်ထားရပါမည်၊ ကျောင်းလျှောက်ထားသည့်အခါ မိမိရွေးချယ်တက်ရောက်ချင်သည့် ဘာသာရပ်ကို ပို့ချမည့် ကျောင်းတစ်ကျောင်းတည်းကိုသာ လျှောက်ထားခွင့်ရှိပါသည်။ (တစ်ခြားနိူင်ငံတကာပညာသင်ဆုတွေ လို ကျောင်းသုံးလေးကျောင်း တစ်ပြိုင်တည်းလျှောက်ထားလို့မရပါ။)


  • ပြင်သစ်မှာကျောင်းလျှောက်ထားရန်တွက်လိုအပ်သောစာရွက်စာတမ်းများကို အကြမ်းအားဖြင့် ခုပိုစ့်မှာပြောပြထားပေးပါတယ်။

  • မိမိလျှောက်ထားမည့် ကျောင်း ဝက်ဘ်ဆိုက်မှာလိုအပ်သောအချက်လက်များကိုအသေးစိတ်ထပ်ဖတ်ရမှာဖြစ်ပါတယ်။


  • ကျောင်းဝင်ခွင့်လျှောက်ထားနိူင်သည့်အချိန်ကလည်း တစ်ကျောင်းနှင့် တစ်ကျောင်း အနည်းငယ်ကွာနိူင်ပါတယ်။ ခုချိန်မှစပြီး ပညာသင်ဆုလျှောက်ထားနိူင်သည့်အချိန်မလွန်ခင် စောနိူင်သမျှစောနိူင်အောင် ကြိုတင်လျှောက်ထားသင့်ပါသည်။


  • ကျောင်းဝင်ခွင့်ရထားသည့်အခါမှသာ ဆိုင်ရာ ကျောင်းသားရေးရာကို Eiffel Scholarship လျှောက်ထားပေးဖို့ ပြောရမှာဖြစ်ပါတယ်။ ပြီးမှ မိမိနိူင်ငံမှာ ပြင်သစ်သံရုံးကို လည်း Eiffel Scholarship ပညာသင်ဆုလျှောက်ထားကြောင်း အကြောင်းကြားဆက်သွယ်ထားရမှာဖြစ်ပါတယ်။

Application Deadline - 8 January, 2021


လျှောက်ထားနည်းအသေးစိတ်ကို ​​အောက်ကပရိုဂရမ်လမ်းညွှန်ထဲ ဝင်ကြည့်နိူင်ပါတယ်။ 




Contact

Campus France - Programme Eiffel

28 rue de la Grange-aux-Belles

75010 Paris

4,430 views0 comments

Recent Posts

See All

Comments


©2019-2020 by International Scholarships for Myanmar Students.

bottom of page