top of page

Scholarship Application Tips

Writer's picture: Hsu Mon Phoo PhooHsu Mon Phoo Phoo

Updated: Jan 8, 2021

စကော်လားရှစ်ပြင်ဆင်နည်း


ပညာသင်ဆု နဲ့ နိူင်ငံတကာမှာ ကျောင်းတက်နိူင်ဖို့က ယနေ့ လူငယ်အတော်များရဲ့ အိပ်မက်တစ်ခုဖြစ်တယ်။

မိမိအိပ်မက်အကောင်ထည်ဖော်နိူင်ဖို့ ဆိုတာကလည်း မိမိရဲ့ ကြိုးစားအားထုတ်မှု က အဓိကအရေးကြီးပါတယ်။ နိူင်ငံတကာပညာသင်ဆု ဖြစ်လို့ လျှောက်မယ့်ကျောင်းသားဦးရေတွေများမယ်၊ ယှဉ်ပြိုင်ရမှာကလည်းများတယ် ဆိုပြီး ကြိုတင်လက်လျှော့လိုက်ရင် ဘဝမှာ ကိုယ်ဖြစ်ချင်တာ လုပ်ချင်တာ ကို မကြိုးစားကြည့်မိခဲ့ဘူးဆိုတဲ့ နောင်တမျိုး တစ်ချိန်ချိန်မှာ ရနိူင်ပါတယ်။


မိမိဟာ တစ်ချိန်ချိန်မှာ နောင်တမရချင်တဲ့ လူငယ်တစ်ယောက်ဖြစ်ချင်တယ်ဆိုရင်တော့ "ငါရအောင် ကြိုးစားလျှောက်ကြည့်မယ်" ဆိုတာကို အရင်ဆုံး ခေါင်းထဲ ရိုက်သွင်းထားဖို့လိုပါတယ်။


စပြီး ကြိုတင်ပြင်ဆင်တော့မယ် ဆိုတာနဲ့ ပညာသင်ဆုနဲ့ ပတ်သက်တာ ဘယ်လောက်သိထားလဲ၊ ဘာကိုမသိသေးတာလဲ စတာတွေကို မှတ်စုစာအုပ်မှာ သေချာစနစ်တကျ ချရေးထားပါ။


နိူင်ငံတကာပညာသင်ဆု စတင်လျှောက်ထားနိူင်ဖို့ ဘာတွေ ကြိုပြင်ဆင်ထားရမလဲ။



၁။ Academic Transcript

ပညာသင်ဆု အားလုံးနီးပါး အတွက် အမှတ်စာရင်းက မပါမဖြစ် တင်ပေးရပါတယ်။

Academic transcript မှာ GPA အမှတ်ကောင်းတဲ့သူတွေသာ ပညာသင်ဆုရကြတာမဟုတ်ပါဘူး။

GPA အမှတ်နည်းနေလည်း တစ်ခြားလိုအပ်တာကိုပြင်ဆင်ပြီး လျှောက်ဖို့ လုပ်လို့ရပါတယ်။ လျှောက်ကြည့်ရမှာက မိမိတာဝန်ဖြစ်လို့ တွေးပူပြီး ကြောက်စရာမလိုပါဘူး။


၂။ English Proficiency

ပညာသင်ဆုအများစုက IELTS/ TOEFL တောင်းကြပါတယ်။ ပညာသင်ဆုလျှောက်လွှာနဲ့ တိုက်ရိုက်တွဲတင်စရာမလိုသေးရင်တောင် Screening အဆင့်တွေမှာဆို လိုအပ်လို့ မဖြေထားရသေးသူများဆို ဖြေပေးရလေ့ရှိပါတယ်။ အဲဒါကြောင့်မို့လို့ မိမိဘက်က IELTS/ TOEFL တွက်ကို အချိန်မရွေး ဖြေတဲ့ခါ မိမိလိုချင်တဲ့ Score ရနိူင်အောင် ပြင်ဆင်ထားသင့်ပါတယ်။ လိုအပ်တဲ့ Score ကတော့ ပညာသင်ဆုပေါ်မူတည်ပြီးအနည်းငယ်ကွာပါမယ်။ Minimum IELTS 6.5 or TOEFL 575 တောင်းလေ့ရှိပါတယ်။ IELTS 7 or TOEFL 600 အထက် ရထားရင်တော့ အကောင်းဆုံးပါ။ ကိုယ်ကအကောင်းဆုံးပြင်ဆင်သင့်သလို Score မြင့်လေ ကိုယ့်အတွက်ပိုကောင်းလေပါ။ Merit Scholarships မျိုးဆို Competition များသလို အတော်ဆုံးကျောင်းသားကိုဦးစားပေးရွေးချယ်ကြတာများပါတယ်။


၃။ ဘာသာရပ်ရွေးချယ်ခြင်းနှင့် Scholarship များရှာဖွေခြင်း

Scholarships တွေက အမျိုးစား အမျိုးမျိုးရှိပါတယ်။

အကြမ်းဖျင်းအားဖြင့် နိူင်ငံတကာပညာသင်ဆု ဆိုရာမှာ အစိုးရပညာသင်ဆု၊ Institute အဖွဲ့အစည်းကပေးတဲ့ ပညာသင်ဆု၊ ကျောင်းကပေးတဲ့ပညာသင်ဆု၊ Merit-based ပညာသင်ဆု ဆိုပြီး ရှိကြပါတယ်။

နောက်ပြီး Partial Scholarship တွေရှိတယ်၊ Partial Scholarship ဆို ကျောင်းလခ ကိုရာခိုင်းနှုန်းနဲ့ လျှော့ပေးတာ မျိုး၊ အပြည့်ပေးရင်လည်း နေစရိတ်စားစရိတ်၊ ခရီးစရိတ်တွက် မပေးပါဘူး။

Fully-funded Scholarships ပညာသင်ဆု ဆိုရင် ပညာသင်နှစ်တွက် လိုအပ်တာတွေ၊ အသုံးစရိတ်ခရီးစရိတ်တွေ အားလုံးထောက်ပံ့ပေးလေ့ရှိပါတယ်။


ကျောင်းကပေးတဲ့ပညာသင်ဆုမျိုးဆို ကျောင်းဝင်ခွင့် Admission Letter နဲ့ တွဲလျှောက်ရ‌လေ့ရှိတယ်။

တစ်နည်းအားဖြင့် ကျောင်းဝင်ခွင့်ကို မိမိကိုယ်တိုင် တိုက်ရိုက် လျှောက်ထားရပါတယ်။

အစိုးရပညာသင်ဆုတွေ၊ အဖွဲ့အစည်း တွေကပေးတာဆို အများစုက ဆိုင်ရာတာဝန်ရှိသူတွေက ရွေးချယ်ပြီးမှ ကျောင်းလျှောက်ပေးပါတယ်။


ဘာသာရပ်ရွေးချယ်ရာမှာ တော့ မိမိ က ဘယ်ဘာသာရပ်ကို စိတ်ဝင်စားတယ်ဆိုတာ ရွေးချယ်ပါ။

အ​ဓိက သိထားဖို့လိုတာက မိမိရွေးချယ်လျှောက်ထားမယ့်မေဂျာနဲ့ပတ်သက်ပြီး မိမိမှာ အခြေခံဘယ်လောက်ထိရှိထားလဲဆိုတာပါ။ Undergraduate မှာ ပြီးထားတဲ့ ဘာသာရပ်နဲ့ ပညာသင်ဆုတွက် လျှောက်ထားမယ့်ဘာသာရပ်က အတိကျမတူရင်တောင် နီးစပ်နေဖို့ လိုပါတယ်။ ပြီးရင် ပညာသင်ဆု ရှာဖွေဖို့လုပ်ပါ။ ခုခေတ်မှာ နိူင်ငံတကာပညာသင်ဆုများစွာကို Online မှာ အလွယ်တကူရှာလို့ရပါတယ်။ ရှာပြီးရင် မှတ်စုမှာ စာရင်းလုပ်ထားပြီး မိမိပါသာ Category ခွဲထားပါ။ ပြီးရင်တော့ ပိုသေချာမယ်ဆိုတာ‌ေတွကို ရွေးချယ်ပြီး လျှောက်ထားပါ။


၄။ Essays /Personal Statement

Essay ရေးတဲ့အခါ သတ်မှတ်ထားစာလုံးရေ နဲ့ချိန်ပြီး Specific ဖြစ်ပြီး လက်တွေ့ကျ အောင်ရေးပေးဖို့လိုပါတယ်။ အရေးကြီးဆုံးက Essay ရေးရာမှာ ကိုယ့်ရဲ့စိတ်ကူးနဲ့ရေးရပါတယ်။ ကိုယ့်ပတ်ဝန်းကျင်ကိုယ့်နိုင်ငံမှာ ဖြစ်နေတဲ့အကြောင်းအရာတွေကိုလည်း အမှန်တိုင်းထင်သာအောင်ရေးရပါမယ် (ကိုယ်လျှောက်တဲ့ဘာသာရပ်ပေါ်မူတည်ပြီး ဆက်စပ်မှုရှိအောင်ရေးဖို့အရေးကြီးပါတယ်)။ ကိုယ့်လုပ်ငန်းအတွေ့အကြုံနဲ့လည်း ချိတ်ဆက်ရေး‌‌ပေးဖို့လိုပါတယ်။

Personal Statement ဆို မိမိနဲ့ပတ်သက်တာမျိုးကိုသာ အဓိကထား ရေးပေးရပါတယ်။ ပညာသင်ဆုရခဲ့ရင် အနာဂါတ်မှာ ကိုယ်သင်ယူထားတဲ့ ပညာရပ်နဲ့ဘယ်လိုကောင်းအောင်လုပ်ပေးချင်တယ် ဆိုတာမျိုး ကို ရှင်းလင်းတိကျစွာ ရေးပေးပါ။


၅။ Recommendation Letters

Scholarship လျှောက်တဲ့အခါ ‌နောက်ထပ်လိုတာက Recommedation letters တွေပါ။

အရေးကြီးဆုံးက ထောက်ခံစာ ဆိုတဲ့အတိုင်း ကိုယ့်ကို သေချာသိပြီး ကောင်းကောင်းရေးပေးမယ့်သူ၊ Email ပုံမှန်သုံးတဲ့သူ ဖြစ်ဖို့လိုပါတယ်။ Recommender ရဲ့ ရာထူးအဆင့်က အရေးမကြီးပါဘူး။

Recommendation မှာလည်း ကိုယ်က ဘယ်လိုကြိုးစားခဲ့လဲ စတာတွေကိုဖော်ပြရာမှာ ကြောင်းကျိူးဆီလျော်မှုရှိဖို့လိုပါတယ်။ (ဆိုင်ရာ Recommender ကို ရှင်းပြပေးလို့ရအောင်ပါ)


၆။ Curriculum Vitae(CV)

စကော်လာလျှောက်ရာမှာ CV ဆိုတဲ့ ကိုယ်ရေးအချက်အလက်ဖောင်ကလည်း စကော်လားရှစ်ဖောင်တွေနဲ့တွဲတင်ပေးရတာဖြစ်လို့ အရမ်းအရေးကြီးပါတယ်။ ကိုယ်ရဲ့အတွေ့အကြုံတွေ ကိုယ်လုပ်ခဲ့တာတွေကို သပ်ရပ်စွာ နှစ်၊လ၊ရက် အလိုက်တစ်ခုချင်းဖော်ပြပေးရတာပါ။ အလုပ်ဆိုတဲ့နေရာမှာ Volunteer လုပ်ခဲ့ဖူးတာလည်းအလုပ်ပဲမို့ အားလုံးထည့်လို့ရပါတယ်။ ကိုယ်လုပ်ခဲ့တဲ့အလုပ်နဲ့ ကိုယ်လျှောက်မယ့် ဘာသာရပ်က ဆက်စပ်မှုရှိရင် ကိုယ့်အတွက် စကော်လားရှစ်ရ ဖို့အခွင့်လမ်းပိုများပါတယ်။ တစ်ချို့ ပညာသင်ဆုတွေမှာ CV format ပါ ပေးထားတတ်ပါတယ်။

CV ဖြည့်နည်းကို အွန်လိုင်းပေါကနေကြည့်လို့ရပါတယ်။ CV ရေးနည်းပိုစ့်လည်း သီးသန့်တင်ထားပါတယ်။


၇။ One step away from your dream

အထက်ပါအချက်လက်တွေအားလုံး သိထား၊ ပြင်ဆင်ထားပြီးပြီ ဆိုရင်တော့ ပညာသင်ဆု Application Form ကို Submit လုပ်ထားနိူင်ပါပြီ။ Application တင်ရင် စိတ်ချရအောင် Deadline မတိုင်ခင် တင်ပါ။ အကယ်၍ အစဉ်လိုက်ဖတ်တယ်ဆိုရင် ကိုယ့် Application က အရင်ဖြစ်ပါလိမ့်မယ်။

ကိုယ့်ရဲ့ တက်ကြွမှုကိုလည်း ပြရာ ရောက်ပါတယ်။


၈။ Interview

Interview ပါပြီဆိုရင် ပညာသင်ဆုရဖို့ အခွင့်ရေး Chance များပါပြီ။ Interview မှာ အဓိက ကိုယ့် ရိုးသားမှု၊ ကိုယ်ပြောတာနဲ့ ကိုယ့် Essay တွေနဲ့ ထပ်တူကျ‌​ေနမှု၊ ကိုယ့်ရဲ့ စိတ်အားထက်သန်မှုကို ပြနိုင်ဖို့ ပါပဲ။


နောက်ထပ် ထပ်‌ေလာင်းပြော‌ချင်တာက Essays မတောင်းတဲ့စကော်လားရှစ်တော်တော်များလည်းရှိပါတယ်။ အဲလိုစကော်လားရှစ်တွေဆိုရင် အတွေ့ကြုံကိုဦးစားပေးကြည့်ပါတယ်။ အဲဒီတော့ CV နဲ့ IELTS score ကိုအဓိကထားကြည့်နိုင်ပါတယ်။


ကြိုးစားတဲ့ အနာဂါတ်မြန်မာ့လူငယ်များအားလုံး အောင်မြင်ကြပါစေ။

Best of Luck!!!





3,832 views1 comment

Recent Posts

See All

Swedish Institute Scholarships for Global Professionals

SISGP ပညာသင်ဆုအကြောင်း ဆွီဒင်နိုင်ငံရှိ Swedish Institute ကပေးတဲ့ SISGP ပညာသင်ဆုဟာ နှစ်စဉ်နှစ်တိုင်းပေးတဲ့ပညာသင်ဆုဖြစ်ပါတယ်။...

1 comentario


hawhtetzein191
hawhtetzein191
27 may 2020

Thank you sis 💜

Me gusta

©2019-2020 by International Scholarships for Myanmar Students.

bottom of page