ဖွံ့ဖြိုးဆဲနိုင်ငံကကျောင်းသားများကို ပေးတဲ့ ADB-JSP ပညာသင်ဆုကိုစတင်လျှောက်ထားနိုင်ပါပြီ။
နှစ်စဉ်နှစ်တိုင်းပေးတဲ့ပညာသင်ဆုဖြစ်ပြီး အရေတွက် ၁၄၀ ခန့်ပေးသည့်အတွက် လက်မလွတ်ပဲကြိုးစားလျှောက်ထားနိူင်ပါသည်။
ADB-JSP က စီးပွားရေး၊ စီမံခန့်ခွဲမှုအတတ်ပညာ၊ သိပ္ပံ နဲ့ နည်းပညာ၊ ဥပဒေပညာ တွေအပြင်အခြား ဖွဲ့ဖြိုးမှုနဲ့ဆက်စပ်တဲ့ ဘာသာရပ်တွေဖြင့် ဘွဲ့လွန်တန်း (မာစတာ နဲ့ PhD) တွက် ပညာသင်ဆုပေးပါမည်။
ဘာသာရပ်ပေါ်မူတည်ပြီး ဆယ်နိုင်ငံ (သြစတေးလျ၊ ဟောင်ကောင်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ ပါကင်စတန်၊ ဖီလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်း၊ အမေရိက) က တက္ကသိုလ်တွေမှာ တက်ရောက်ရပါမည်။
ADB-JSP ပညာသင်ဆုလျှောက်ထားရာတွင် အထက်ကဖော်ပြထားတဲ့ ဘာသာရပ်နဲ့ တက္ကသိုလ်မှာ ကျောင်းဝင်ခွင့်တိုက်ရိုက်လျှောက်ထားရပါမည်။
လျှောက်ထားသူသည် အသက် ၃၅ နှစ် နှင့် ၃၅ အောက်ရှိသူများဖြစ်ရပါမည်။
ကျောင်းလျှောက်ထားတဲ့အခါ ကိုယ်ရွေးချယ်တက်ရောက်မယ့် intake မစခင် အနည်းဆုံး ခြောက်လအလိုလျှောက်ထားရပါမယ်။
Application Deadline က ကျောင်းတွေပေါမူတည်လို့ ဆိုင်ရာ ကျောင်းဝက်ဆိုက်ဘ်မှာဝင်ကြည့်နိုင်ပါတယ်။
ကျောင်းဝင်ခွင့်လျှောက်ထားပုံအဆင့်ဆင့်ကို ဆိုင်ရာ ကျောင်းဝက်ဆိုက်ဘ်မှာဝင်ဖတ်နိုင်ပါတယ်။
ကိုယ်လျှောက်ချင်တဲ့မေဂျာကို ဆိုင်ရာနိုင်ငံက ကျောင်းတစ်ခုချင်းစီမှာသေချာဝင်ရွေး၊ဝင်ဖတ်နိုင်ပါတယ်။ ဥပမာ - သြစတေးလျနိုင်ငံလျှောက်ထားလို့ရတဲ့ တက္ကသိုလ်တွေဖြစ်တဲ့ Crawford School of Economics and Government (National Centre for Development Studies), The University of Melbourne, The University of Sydney မှာ ပို့ချတဲ့ဘာသာရပ်တွေကိုကြည့်ပြီး ကိုယ်နဲ့အသင့်တော်ဆုံး မေဂျာကို ရွေးချယ်ပြီး လျှောက်ထားရပါမယ်။
ကျောင်းလျှောက်ထားတဲ့ခါ တွဲတင်ပေးရမယ့် ADB-JSP ဖောင်
Is it possible to apply for intermediate level students?