Tips and Tricks for Learning French (1) ကိုယ်ကိုယ်တိုင်လည်း ခုထိပြင်သစ်ဘာသာစကားကို လေ့လာသင်ယူနေရဆဲမို့ သိထားတဲ့ထဲကဘဲ သိသလောက်လေးရေးပေးတာပါ။ ပြင်သစ်ဘာသာစကားက English ထက်စာရင် ပိုခက်တာက အသံထွက်အားဖြင့်ရော အထူးသဖြင့် သဒ္ဒါပိုင်းက ပိုရှုပ်ပြီး ပိုများပါတယ်။ ကိုယ့်အမြင်အရတော့ ဘာသာစကားအသစ်တစ်ခုသင်ယူလေ့လာတဲ့အခါ အဓိက ကိုယ့်ရဲ့စိတ်ဝင်စားမှုနဲ့ ဘာအတွက်ဒီဘာသာစကားကိုသင်ရတယ်ဆိုတဲ့အကြောင်းပြချက်က အရေးကြီးဆုံးပါ။ ပြင်သစ်လိုအရမ်းပြောတတ်ချင်တဲ့စိတ်ဖြစ်တယ်၊ ကိုယ်လုပ်ချင်တဲ့အလုပ်၊ တက်ချင်တဲ့ကျောင်းဆက်တက်နိုင်ဖို့ ပြင်သစ်စကားတတ်ထားမှ စတဲ့အခြေနေမှာဆို ပြင်သစ်စာကခက်တယ်ဆိုတာကို ခဏမေ့ပြီး "ငါ တစ်နေ့ ဒီဘာသာစကားပြောတတ်ရမယ်" ဆိုတဲ့စိတ်နဲ့ စတင်လေ့လာရမှာပါ။ ဘာသာစကားတစ်ခုကိုစတင်လေ့လာတဲ့အခါ အခက်ခဲတွေနဲ့ကြုံရတဲ့အခါ အလွယ်တကူမရပ်လိုက်ဖို့ပါ။ နောက်ပြီး စိတ်ရှည်ရှည်နဲ့ အခြေ ခံကစပြီးတစ်ဆင့်ချင်းသင်ယူလေ့လာဖို့လိုပါတယ်။ ၁။ အရင်ဆုံး ပြင်သစ်ဗျည်း ၂၆ လုံးကို အသံထွက်မှန်မှန်နဲ့ထွက်တတ်အောင်အရင်လုပ်ပါ။ အင်္ဂလိပ်ဗျည်းနဲ့တူပေမယ့်အသံထွက်ကွဲပါတယ်။ ဥပမာ- A ကို အာ လို့အသံထွက်ပါတယ်။ (A B C D အာ ဘေ စေ ဒေ ) ပြင်သစ် ဗျည်းအသံထွက်နဲ့ ဥပမာ ဝေါဟာရတွေကို ခုယူကျူ့လင့်မှာ ဝင်ကြည့်နိုင်ပါတယ်။ (https://www.youtube.com/watch?v=8WnTgEzcqaw)
ပြင်သစ် သရ ၆ လုံးက A, E, I, O, U, Y ပါ။ (https://www.francaisfacile.com/exercices/exercice-francais-2/exercice-francais-51257.php)
Y ကို English မှာလို ဝိုင်လို့အသံမထွက်ပဲ အီဂရက်က် လို့ခေါ်ပြီး 'အီ' အသံထွက်ပါတယ်။ ၂။ ဗျည်း၊သရ သံသိပြီဆိုရင် သဒ္ဒါပိုင်းမသင်ခင် အခြေခံ စကားပြောကိုစတင်လေ့လာလို့ရပါပြီ။ ပြင်သစ်စကားပြောလေ့လာရာမှာ Audio နဲ့နားထောင်ဖို့လိုပါတယ်။ ယူကျူ့မှာ နားထောင်လို့ရသလို Apps တွေဒေါင်းပြီးနားထောင်လို့ရပါတယ်။ (ဥပမာ - Duolingo, Busuu) လိုင်းပေါ်ကနားထောင်လေ့လာရန်လင့်
Bonjour, comment ça va? (Hello, how are you?) comment ကို ကော်မန့်လို့ အသံမထွက်ပါဘူး၊ ပြင်သစ်စာလုံးအများစုရဲ့အသံကိုမြန်မာလိုရေးလို့မရလို့ အသံဖိုင်နဲ့နားထောင်သင်ယူမှ စကာလုံးရဲ့အသံထွက်မှန်ကိုထွက်တတ်မှာပါ။ ခု
လင့်မှာနားထောင်ကြည့်ပါ။ ၃။ ကြိယာတွေကို စလေ့လာတဲ့အခါ အသုံးများတဲ့ ကြိယာတွေကိုအရင်သိထားအောင်လုပ်ပါ။ ( ဥပမာ- être ဖြစ်သည်၊ avoir ရှိသည် manger စားသည်၊ aller သွားသည်၊ faire ပြုလုပ်သည်၊ dire မေးသည်၊ donner ပေးသည်) အင်တာနက်ကနေအသေးစိတ်လေ့လာလို့ရပါတယ်။ https://www.linguasorb.com/french/verbs/most-common-verbs/
နောက်ပြီး ကြိယာတွေကို Conjugaison တွေနဲ့ပါတွဲပြီးမှတ်ထားဖို့လိုပါတယ်။ ပြင်သစ်ဘာသာစကားမှာ Conjugaison တွေက ခက်ခဲရှုပ်ထွေးပေမယ့် ခေါင်းထဲအလွယ်မှတ်ထားရမှာက ပြင်သစ် Conjugaison မှာ Présent (Present Tense) တွက်အဓိက အုပ်စု သုံးစု ရှိပါတယ်။ ၁။ er နဲ့ဆုံးတဲ့ Verb ဥပမာ - manger, arriver, marcher, parler er ဂရုက ကြိယာအားလုံးတွက် အောက်က Conjugaison နမူနာကိုကြည့်ပါ။ Je mange Tu manges Il mange Nous mangeons Vous mangez Ils/elles mangent ၂။ ir နဲ့ဆုံးတဲ့ Verb (finir, choisir, venir etc.) Je finis Tu finis Il finit Nous finissons Vous finissez Ils/Elles finissent er နဲ့ ir အုပ်စုနှစ်စု ကစာလုံးတွေရဲ့ Conjugaison သိထားတာနဲ့တင် စာလုံးအတော်များသိထားပြီမို့ စကားပြောမှာ ထည့်သုံးထည့်ပြောလို့ရပါပြီ။ ၃။ တတိယအုပ်စုက ပုံမှန်မရှိတဲ့ irregular Verb ပါ။ များသောအားဖြင့် dre, ire, tre နဲ့ဆုံးပါတယ်။ ( dire, attendre, conduire, écrire etc.) Je dis Tu dis Il dit Nous disons Vous dites Ils/Elles disent မှတ်ချက်။ ။ တတိယအုပ်စုက Verb အားလုံးရဲ့ conjugaison ကမတူကြလို့ ဒီဂရုမှာပါတဲ့ Verb တွေကိုအချိန်ပိုပေးပြီး မှတ်ထားဖို့လိုပါတယ်။ အောက်ကလင့်မှာ ကြိယာတစ်လုံးချင်းစီရဲ့ Conjugaison နဲ့ ဆိုင်ရာ သဒ္ဒါပုံစံတွေကိုဝင်ကြည့်နိုင်ပါတယ်။
အခြေခံလောက်ပြောတတ်ပြီ အသုံးများတဲ့ကြိယာတွေသိထားပြီဆို ပုံပြင်တိုလေးတွေ၊ ဝတ္ထု တိုတွေ ကြိုးစားဖတ်ကြည့်ပါ။ Beelinguapp: Learn a New Language with Audio Books app မှာ ပုံပြင်တိုတွေ ၊ ဝတ္ထု တိုတွေ ဖတ်လို့ရပါတယ်။ အင်တာနက်ကနေလည်းဖတ်လို့ရပါတယ်။
၄။ Self-study တွက်အသုံးဝင်တဲ့ အခြေခံစကားပြောတွေကို ယူကျူ့က Assimil ဗွီဒီယိုဖိုင်ကိုကြည့်ပြီးလေ့လာနိုင်ပါတယ်။ ဗွီဒီယိုက လေ့ကျင့်ခန်းတွေကို နားလည်အောင်လုပ်ပြီး မှတ်စုစာအုပ်ထဲသေချာရေးမှတ်ထားသင့်ပါတယ်။
၅။ နောက်ထပ်အရေးကြီးတာက ဝေါဟာရအသစ်တွေ ကို လေ့လာပြီးတိုင်း ဝါကျမှာ သုံးတတ်အောင် လေ့ကျင့်ဖို့လိုပါတယ်။ ကိုယ်သိထားတဲ့ စာလုံးတွေကို ကိုယ်ဘာကိုယ် နမူနာ ဝါကျလေးတွေဖွဲ့ပြီး ပြောကြည့်ပါ၊ သူငယ်ချင်းတွေ နဲ့လည်း ပြောကြည့်ပါ။ တချိူ့မှတ်ရခက်တာမျိူးဆိုအကြိမ်ကြိမ်အခါခါ ထပ်တလဲလဲ ပြန်မှတ်ပါ။ အသံထွက်မှန်မှန်ထွက်တတ်ဖို့လည်း အခေါက်ခေါက်အခါခါ အသံဖိုင်တွေကိုနားထောင်ပါ။ (ပြောမယ်သာပြောရတာ ကိုယ်တိုင်လည်း ပြင်သစ်စကားလေ့လာနေတာ ၅နှစ် ကျော်ပါပြီ၊ ပြင်သစ်သံကို ငါးပိသံနဲ့ထွက်ချင်သလိုထွက်နေတုန်းမို့ စစသင်နေသူများ ခုမှစသင်မယ့်သူများ လက်မလျှော့ဖို့ပါ။ 😀) ပိုစ့်ကရှည်နေပြီမို့ သဒ္ဒါပိုင်းကို နောက်မှ ဆက်ရေးပေးပါမယ်။ လွတ်လပ်စွာပြန်လည်ရှယ်နိုင်သလို လွတ်လပ်စွာဝေဖန်ထောက်ပြပေးနိုင်ပါတယ်။
Kommentare