top of page

Tips and tricks for learning French (2)

Writer's picture: Hsu Mon Phoo PhooHsu Mon Phoo Phoo

Updated: Dec 26, 2020

Tips and tricks for learning French (2)


ကိုယ်ကိုယ်တိုင်လည်း ခုထိပြင်သစ်ဘာသာစကားကို လေ့လာသင်ယူနေရဆဲမို့ သိထားတဲ့ထဲကဘဲ သိသလောက်လေးရေးပေးတာပါ။

ပြင်သစ်ဘာသာစကားက English ထက်စာရင် ပိုခက်တာက အသံထွက်အားဖြင့်ရော အထူးသဖြင့် သဒ္ဒါပိုင်းက ပိုရှုပ်ပြီး ပိုများပါတယ်။


ဘာသာစကားတစ်ခုကိုစတင်လေ့လာတဲ့အခါ အခက်ခဲတွေနဲ့ကြုံရတဲ့အခါ အလွယ်တကူမရပ်လိုက်ဖို့ပါ။ နောက်ပြီး စိတ်ရှည်ရှည်နဲ့ အခြေ ခံကစပြီးတစ်ဆင့်ချင်းသင်ယူလေ့လာဖို့လိုပါတယ်။


သဒ္ဒါပိုင်းနဲ့ပတ်သက်ပြီး သိထားသင့်တဲ့ အခြေခံ သဒ္ဒါပိုင်းကို အရိုးရှင်းဆုံး နားလည်အလွယ်ဆုံးဖြစ်အောင်

ရေးပေးလိုက်ပါတယ်။

ပြင်သစ်သဒ္ဒါ က English သဒ္ဒါနဲ့မတူဘူးဆိုတာကိုလည်း အရင်ဆုံးသိထားဖို့လိုပါတယ်။

အရင်ပိုစ့်မှာရေးထားပေးတဲ့ စာလုံးတွေရဲ့အခြေခံ Conjugaison ကိုသိထားပြီဆိုရင် Présent (Present Tense) ကိုအလိုလျောက်သိထားပါပြီ။


၁။ Présent

နောက် Présent tense တစ်မျိုးက pouvoir (နိူင်သည်), vouloir (လုပ်ချင်သည်), devoir (လုပ်ရမည်) စတဲ့ကြိယာတွေကို Infinitif verbe တွေနဲ့တွဲသုံးလို့လေ့ရှိပါတယ်။

Pouvoir - အရည်ချင်းတွေကိုဖော်ပြတဲ့ခါမျိုးသုံးပါတယ်။

Eg. Je peux faire (ငါပြုလုပ်နိူင်သည်), Tu peux faire, Il peut faire

Nous pouvons faire, Vous pouvez faire, Elles/Ils peuvent faire


Vouloir - ဖြစ်ချင်တာ၊ လုပ်ချင်တာ စတဲ့ စိတ်ဆန်ဒ (Desire) တွေကိုဖော်ပြတဲ့အခါသုံးပါတယ်။

Je veux manger (ငါစားချင်သည်။)

Tu veux, Il veut manger

Nous voulons, Vous voulez, Elles/Ils veulent manger


Devoir - မဖြစ်မနေလုပ်ရမှာမျိုး၊ အမိန့်ပေးတဲ့ခါမျိုးမှာ သုံးပါတယ်။

Je dois aller (ငါသွားရမည်။)

Tu dois, Il doit aller

Nous devons, Vous devez, Elles/Ils doivent aller

ဒီ Verbes တွေကအရမ်းအသုံးများလို့ မသိမဖြစ်သိထားပြီးသုံးတတ်ဖို့အရေးကြီးပါတယ်။



နောက်ထပ် အသုံးများတဲ့ကြိယာတွေဖြစ်တဲ့ être, avoir, aller ရဲ့ ရိုးရိုး Conjugaison ကိုထပ်ကြည့်ပါ။

Être

Je suis, Tu es, Il est (Singulier)

Nous sommes, Vous êtes, Elles/Ils sont (Pluriel)

Avoir

J'ai, Tu as, Il a

Nous avons, Vous avez, Elles/Ils ont

Aller

Je vais, Tu vas, Il va

Nous allons, Vous allez, Elles/Ils vont


အထက်ကကြိယာသုံးလုံးကို သိထားရင် Passé Composé နှင့် Futur Proche ဆိုတဲ့ Tense နှစ်ခုကိုလေ့လာဖို့ ပိုလွယ်ကူသွားပါပြီ။

၂။ Passé Composé ကအတိတ်မှာပြုလုပ်ပြီးသွားပြီဆိုတဲ့အဖြစ်ပျက်တွေကိုပြောတဲ့အခါ သုံးတာဖြစ်ပါတယ်။ အတိတ်မှာဖြစ်ခဲ့တာတွေကို စကားပြောမှာ ပြောတဲ့အခါ ရိုးရိုး Passé simple အစား Passé Composé ကိုပဲ သုံးကြပါတယ်။

သူ့ရဲ့ တည်ဆောက်ပုံကတော့ être, avoir တို့ရဲ့ Conjugaison နဲ့ Infinitif verbe ရဲ့ participe passé ကို တွဲသုံးရမှာဖြစ်ပါတယ်။

ဥပမာ

être နဲ့ သုံးတဲ့ပုံစံ

Je suis + allé (aller)

Tu es allé

Il est allé

Nous sommes *allés

Vous êtes *allés

Elles(féminin)/Ils sont allées (*féminin)/allés

* = အထူးသတိထားရမှာက être နဲ့သုံးတဲ့အခါ ဆိုင်ရာ Subject ကိုကြည့်ဖို့လိုပါတယ်။

Subject က Féminin လား/ Masculin လား၊ Singulier လား/ Plurielလား စတာတွေပေါမူတည်ပြီး participe passé ပြောင်းသွားပါတယ်။


Pronomial Verbs နှင့် အောက်ပါ verbs မျိုးဆို être နဲ့ သုံးရမယ်လို့ မှတ်ထားနိူင်ပါတယ်။

Eg. aller/venir (သွားသည်၊ လာသည်), **entrer/sortir (ဝင်သည်၊ ထွက်သည်)

**monter/descendre (တက်သည်၊ ဆင်းသည်), arriver/partir (ရောက်ရှိသည်၊ ထွက်ခွာသည်)

naître/mourir (မွေးဖွားသည်၊ သေဆုံးသည်)

** = အနီရောင်နဲ့ကြိယာတွေက သုံးတဲ့အသုံးနှုန်းပေါ်မူတည်ပြီး avoir နဲ့လည်း အသုံးပြုနိူင်ပါတယ်။


avoir နဲ့ သုံးတဲ့ပုံစံ (Passé Composé မှာ အများစုက avoir က être ထက်စာရင် ပိုသုံးများပါတယ်။)

J'ai + mangé (manger = er နဲ့ဆုံးတဲ့ verbe)

Tu as mangé

Il a mangé

Nous avons mangé

Vous avez mangé

Elles/Ils ont mangées/mangés


Infinitif verbe တွေမှာမှ participe passé ပုံစံတွေ ထပ်ကွဲပါတယ်။


-er နဲ့ဆုံးတဲ့ verbes ဆို participe passé တွက် é ပေါင်းရမှာဖြစ်ပါတယ်။

-ir နဲ့ဆုံးတဲ့ verbes ဆို i ပေါင်းရမှာဖြစ်ပါတယ်။

Finir - J'ai fini, Tu as fini, Il a fini

Nous avons fini, Vous avez fini, Elles/Ils ont fini


-re နဲ့ဆုံးတဲ့ verbes ဆို u ပေါင်းရမှာဖြစ်ပါတယ်။

Descendre - Je suis descendu, Tu es descendu, Il est descendu

Nous sommes descendus, Vous avez descendus, Elles/Ils sont descendues/descendus


ချွင်းချက်အနေနဲ့ Irregulier verbes တွေရဲ့ participe passé တွေကိုတော့အလွတ်မှတ်ထားရပါမယ်။

အသုံးများတဲ့ Irregulier verbes တွေဖြစ်တဲ့ faire - fait, étre - été, avoir - eu, ouvrir - ouvert,

découvrir - découvert, offrir - offert, peindre - peint, craindre - craint စတာတွေကိုအရင်အလွတ်မှတ်ထားပါ။


ခုလောက်သိထားပြီဆို Passé Composé နဲ့ရင်းနှီးပြီဖြစ်လို့ ကိုယ့်ပါကိုယ် လေ့ကျင့်ခန်း ဆက်လုပ်ပြီးဆက်လေ့လာပါ။


၃။ Futur Proche က မကြာခင် အနာဂါတ်ကာလ မှာ လုပ်မယ့်အရာကိုပြောတဲ့အခါ သုံးတာဖြစ်ပါတယ်။

ပြင်သစ်သဒ္ဒါ မှာအလွယ်ဆုံး Tense တစ်ခုလို့ ပြောလို့ရပါတယ်။

ဒီ Tense ကိုသုံးတတ်ရင် ပြင်သစ်စကားပြောတွက် အရမ်းအထောက်ကူဖြစ်စေပါတယ်။


Futur Proche ရဲ့တည်ဆောက်ပုံကတော့ Aller verbe ရဲ့ ရိုးရိုး Présent conjugaison နဲ့ Infinitif verbes ကိုတွဲသုံးရုံဖြစ်ပါတယ်။

ဥပမာ

Je vais aller au zoo. (ငါ တိရစ္ဆာန်ရုံကို မကြာခင်သွားမည်။)

Tu vas aller au zoo.

Il va aller au zoo.

Nous allons aller au zoo.

Vous allez aller au zoo.

Elles/Ils vont aller au zoo.


Je vais manger. (ငါ မကြာခင် ထမင်းစားမယ်။ )

Je vais faire mes devoirs. (ငါ မကြာခင် အိမ်စာလုပ်မယ်။)

Je vais prendre ma douche. (ငါ မကြာခင် ရေချိုးမယ်။)


Futur Proche တွက် လေ့ကျင့်ခန်း


Présent, Passé composé နဲ့ Futur Proche Tense တွေကို သေသေချာချာပိုင်နိူင်ပြီဆို ပြင်သစ်ဘာသာစကားနဲ့ ပိုရင်းနှီးပြီး စကားပြောတွက်လည်း အထောက်ကူအများကြီးဖြစ်စေပါပြီ။



ပိုစ့်ကရှည်နေပြီဖြစ်လို့ ကျန်သေးတဲ့ Tense တွေကို နောက်ပိုစ့်တွေမှာ ဆက်ပြောပေးပါမယ်။

မပြည့်စုံပေမယ့် ပြင်သစ်စာလေ့လာသင်ယူနေသူများအတွက် အထောက်ကူဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်။


ပြင်သစ်ဘာသာစကားကို ခုမှစစချင်းလေ့လာချင်သူများတွက် အရင်ရေးထားတဲ့ ပိုစ့် ကိုအရင်ဝင်ဖတ်ဝင်လေ့လာပြီးမှ ခုပိုစ့်ကိုဆက်ဖတ်စေချင်ပါတယ်။








1,037 views1 comment

Recent Posts

See All

1 Comment


aung htet paing
aung htet paing
Nov 05, 2020

Scholarship essayနဲပက်သက်တာ​လေးပါတင်​ပေးပါလားမမ

Like

©2019-2020 by International Scholarships for Myanmar Students.

bottom of page